မန္တလေးပျူစောထီးခေါင်းဆောင်လုပ်ကြံသတ်ဖြတ်ခံရပေမယ့် အချင်းချင်းလုပ်ကြံတာမို့ စစ်တပ်အရေးမယူရဲ

မန္တလေးပျူစောထီးခေါင်းဆောင်လုပ်ကြံသတ်ဖြတ်ခံရပေမယ့် အချင်းချင်းလုပ်ကြံတာမို့ စစ်တပ်အရေးမယူရဲ

မန္တလေးပျူစောထီးခေါင်းဆောင်လုပ်ကြံသတ်ဖြတ်ခံရပေမယ့် အချင်းချင်းလုပ်ကြံတာမို့ စစ်တပ်အရေးမယူရဲ

နိုဝင်ဘာ-၉၊၂၀၂၅၊ရှိန်း/ People’s Spring
မန္တလေးမြို့မှာ အချင်းချင်းလုပ်ကြံအသတ်ခံရတဲ့ ပုသိမ်ကြီးမြို့နယ်က ပျူစောထီး ခေါင်းဆောင်ကို လုပ်ကြံသူကို သိပေမယ့် အာဏာပိုရှိတာမို့ အရေးမယူနိုင်ဘူးလို့ ပျူခေါင်းဆောင်နဲ့ နီးစပ်သူတွေက ပြောပါတယ်။
အောက်တိုဘာ ၂၇ ရက်က (၃၄)နှစ်အရွယ် ပုသိမ်ကြီးမြို့နယ်က ပျူစောထီး ခေါင်းဆောင် အောင်ခန့်ဆိုသူဟာ အပြင်သွားလာရင်း ပျောက်ဆုံးရာကနေ နှိပ်စက်ဒဏ်ရာတွေနဲ့ အလောင်းပြန်တွေ့ခဲ့တာလို့ သိရပါတယ်။
“မြို့သစ်ထဲကို အချင်းချင်းကခေါ်လို့ဆိုပြီး သွားတာ။အဲဒီမှာတင် လုပ်ကြံခံလိုက်ရတာ”လို့ ဖြစ်စဉ်ကိုသိသူတဦးက ပြောပါတယ်။
မန္တလေးမြို့က စက်မှုဇုန်ကို မြို့သစ်လို့ ခေါ်ကြပြီး ပြည်ကြီးတံခွန်မြို့နယ်မှာရှိတယ်လို့ မြို့ခံတွေကပြောပါတယ်။
အဲဒီမြို့နယ်မှာပျူစောထီးတွေဟာ ပေါက် ကိုယ်တော်အဖွဲ့တွေဦးဆောင်ပြီး ၎င်းတို့နယ်မြေဖြစ်တယ်လို့ ပျူစောထီးတဦးက ပြောပါတယ်။
“အရင်တိုင်းမှူးကိုတောင်ပြီးတယ်ဆိုတဲ့ ဘယ်လောက် ပါဝါရှိတဲ့အဖွဲ့အစည်းလည်း စဉ်းစားကြည့် ပေါ့။အောင်ခန့်မှာ သားပေါက်တပည့်လေး တွေလည်းအများကြီးပဲ။တချို့က ရှေ့တန်းထွက်နေရတယ်”လို့ ၎င်းက ဆက်ပြောပါတယ်။
ပျူစောထီး ခေါင်းဆောင်အောင်ခန့်ဟာ ၎င်းရဲ့အိမ်မှာတင် လောင်းကစားဝိုင်းတွေ‌ရှိသလို ပုသိမ်ကြီးမြို့နယ်အတွင်းက လောင်းကစားဝိုင်း တွေကိုလည်း သူ့အဖွဲ့တွေနဲ့ လုံခြုံရေးပေးပြီး လူသတ်မှု၊ပေါ်တာဆွဲမှု အများအပြားကျူးလွန်ထားသူဖြစ်တယ်လို့ သိရပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့လက ပုသိမ်ကြီးမြို့မှာ အမျိုးသမီးငယ်ကို ကားနဲ့တိုက်ပြီး ဒဏ်ရာနဲ့လမ်းဘေးစွန့်ပစ်ခဲ့သူ ဝေယံဟာလည်း ၎င်းနဲ့တဖွဲ့ထဲလို့ သိရပါတယ်။
(ဓာတ်ပုံ – လုပ်ကြံသတ်ဖြတ်ခံရတဲ့ ပျူစောထီးခေါင်းဆောင် အောင်ခန့်)