မြန်မာစစ်တပ်က ပြုလုပ်မည့် ရွေးကောက်ပွဲကို အတုအယောင်ရွေးကောက်ပွဲအဖြစ် သတ်မှတ်ရေးအဆိုကို နယူးဇီလန်လွှတ်တော်က ကန့်ကွက်သူမရှိဘဲ ဆုံးဖြတ်အတည်ပြု၊ နယူးဇီးလန် နိုင်ငံခြားရေးဝန်ကြီးကလည်း လွှတ်တော်ဆုံးဖြတ်ချက်အဆိုကို ထောက်ခံ

မြန်မာစစ်တပ်က ပြုလုပ်မည့် ရွေးကောက်ပွဲကို အတုအယောင်ရွေးကောက်ပွဲအဖြစ် သတ်မှတ်ရေးအဆိုကို နယူးဇီလန်လွှတ်တော်က ကန့်ကွက်သူမရှိဘဲ ဆုံးဖြတ်အတည်ပြု၊ နယူးဇီးလန် နိုင်ငံခြားရေးဝန်ကြီးကလည်း လွှတ်တော်ဆုံးဖြတ်ချက်အဆိုကို ထောက်ခံ
ရန်ကုန်၊ နိုဝင်ဘာ ၅

မြန်မာစစ်တပ်က ပြုလုပ်မည့် ရွေးကောက်ပွဲကို အတုအယောင်ရွေးကောက်ပွဲအဖြစ် သတ်မှတ်ရေးအဆိုကို ယနေ့ နိုဝင် ဘာလ ၅ ရက်နေ့ နယူးဇီလန်လွှတ် တော်က ကန့်ကွက်သူမရှိဘဲ ဆုံးဖြတ်အတည်ပြုလိုက်သင်္ည။
နယူးဇီးလန်အစိုးရ၏ နိုင်ငံခြားရေးဝန်ကြီး Rt Hon Winston Peters ကလည်း မြန်မာစစ်တပ်၏ ရွေးကောက်ပွဲမှာ အတုအယောင်သာဖြစ်ကြောင်း လွှတ်တော်၏ ဆုံး ဖြတ်ချက်အဆိုကိုထောက်ခံပါကြောင်း လွှတ်တော်တွင် လာရောက် ထွက်ဆိုသည်။
ယနေ့ နိုဝင်ဘာလ ၅ ရက်နေ့ နယူးဇီလန် လွှတ်တော်တွင် မြန်မာစစ်တပ်၏ တရားမဝင် အတုအယောင်​ ရွေးကောက်ပွဲကို နယူးဇီလန်အစိုးရ လက်မခံကြောင်း တရားဝင် ထုတ်ပြန်ပေးရန် အဆိုတစ်ရပ်ကို Labour ပါတီမှ လွှတ် တော်အမတ် Philip Stoner Twyford က တင်သွင်းခဲ့ပြီး Green Party မှ Teanau Tuiono က ထောက်ခံအဆိုပြုခဲ့ရာ နယူးဇီလန်လွှတ်တော်က ကန့် ကွက်သူမရှိဘဲ အဆိုကို အတည်ပြု ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။
မြန်မာစစ်တပ်၏ ရွေးကောက်ပွဲတွင် စစ်မှန်သော အတိုက်အခံပါတီများ မရှိတော့ဘဲ ရွေးကောက်ပွဲများအပေါ် အများပြည်သူ၏ ဝေဖန်မှုကို ရာဇဝတ်မှုအဖြစ် သတ်မှတ်သည့် ဖိနှိပ်ချုပ်ချယ်သည့် ဥပဒေများဖြင့် ဖမ်းဆီးမှုများရှိနေကြောင်း Labour ပါတီမှ လွှတ်တော်အမတ် Philip Stoner Twyford ကဆိုသည်။
“အလွန်ရက်စက်တဲ့ စစ်တပ်ကို မြန်မာပြည်သူတွေက ကြံ့ကြံ့ခံ တော်လှန်နေကြပါတယ်။ ကျနော်တို့ အဲဒါကို ကူညီရပါမယ်။ စစ်တပ်ရဲ့ ရွေးကောက်ပွဲက အတုအယောင်ရွေးကောက်ပွဲဖြစ်တယ်။ ဆေးရုံတွေ၊ ကျောင်းတွေနဲ့ ပြည်သူတွေကို ဗုံးကျဲသတ်ဖြတ်ပြီးတော့ ရက်စက်တဲ့ စစ်တပ်က လုပ်တဲ့ ရွေး ကောက်ပွဲဟာ ယုံကြည်စရာမရှိပါဘူး” ဟု နယူးဇီလန် လွှတ်တော်အမတ် Philip Stoner Twyford က လွတ်တော်အတွင်း ပြောဆိုသည်။
Green Party မှ Teanau Tuiono က ၎င်းအနေဖြင့် မြန်မာပြည်သူများအတွက် ယင်းအဆိုကို ထောက်ခံကြောင်း၊ သူ့အနေဖြင့် ထိုင်း-မြန်မာနယ်စပ်အထိသွားရောက်ခဲ့သော Fact-Finding အဖွဲ့တွင်လည်းပါဝင်ခဲ့ကြောင်း၊ နယ်စပ်မှ မြန်မာပြည်သူများနှင့်တွေ့ဆုံရာတွင် သူတို့၏ ကျေးရွာများကို စစ်တပ်က မည်သို့ လေကြောင်းတိုက်ခိုက်ဗုံးကျဲခဲ့ပုံ၊ စစ်အာဏာသိမ်းမှုကြောင့် ဒီမိုကရေစီနှင့် ပြည်သူများ၏ အနာဂတ်အပေါ် မည်သို့ သက်ရောက်ပုံများကို မြန်မာပြည်သူများက ရှင်းပြခဲ့ကြောင်း၊ မြန်မာစစ်တပ်က ဖွဲ့စည်းပုံအခြေခံဥပဒေအရ ၂၅ ရာခိုင်နှုန်းရယူထားသည့်အပြင် ဆန္ဒမဲပေးရာတွင်လည်း ပါဝင်ကြောင်း၊ စစ် တပ်၏ တိုက်ခိုက်သတ်ဖြတ်မှုများကြောင့်မြန်မာ ပြည်သူ သန်းချီ၍ ထွက်ပြေးနေရကြောင်း၊ စစ်တပ်၏ ရွေးကောက်ပွဲမှာ အတုအယောင်သာဖြစ်ကြောင်း လွှတ်တော်တွင် ပြောဆိုသည်။
“မြန်မာပြည်သူ ၃ ဒသမ ၆ သန်းကျော် ပြည်တွင်းမှာ ရွှေ့ပြောင်းထွက်ပြေးနေရတယ်။ နယ်စပ်တစ်လျှောက်မှာလည်း ဒုက္ခ သည် သန်းချီရှိနေပါတယ်။ ဒါ့အပြင် ကျားဖြန့်လို နယ်စပ်ဖြတ်ကျော် ငွေလိမ်ရာဇဝတ်ဂိုဏ်းတွေကလည်း ကြီးထွားလာနေပါတယ်။ အဲဒီလိုနေရာတွေမှာ လူကုန်ကူးခံရမှာတွေကလည်း စိုးရိမ်စရာရှိပါတယ်။ စစ်တပ်က ရွာတွေကို ဗုံးကျဲမှုတွေလည်းရှိနေပါတယ်။ ဒီလိုအခြေအနေမှာ စစ်တပ်ရဲ့ ရွေးကောက်ပွဲက အတုအယောင်ဖြစ်ပါတယ်။ စစ် တပ်ရဲ့ ရွေးကောက်ကို အသိအမှတ်မပြုဖို့ အဆိုဟာ မြေပြင်မှာရှိနေတဲ့ ခုခံတော်လှန်နေတဲ့ မြန်မာပြည်သူတွေအတွက် အရေးကြီးသလို နယူးဇီလန်နဲ့ ကမ္ဘာတစ်ဝန်းမှာရှိနေတဲ့ မြန်မာပြည်သူတွေအတွက်လည်း အရေးကြီးပါတယ်” ဟု ၎င်းက ပြောဆိုသည်။
နယူးဇီလန်နိုင်ငံခြားရေးဝန်ကြီး Rt Hon Winston Peters ကလည်း လွှတ် တော်၏ ဆုံးဖြတ်ချက်အဆိုကို လက်ခံကြောင်း၊ စစ်တပ်၏ ရွေးကောက်ပွဲမှာ အတုအယောင်သာဖြစ်ပြီး စစ်တပ်အနေဖြင့် နိုင်ငံရေးအကျဉ်းသားများကို လွှတ် ပေးရမည်ဖြစ်ကြောင်း၊ ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ မြန်မာ့အရေး ဆုံးဖြတ်ချက်နှင့် အာဆီယံ၏ ဘုံသဘောတူညီချက် ၅ ချက်ကို အကောင် အထည်ဖော်ရမည်ဖြစ်ကြောင်း လွှတ်တော်တွင် လာရောက်ထွက်ဆိုသွားသည်။