TNLA ဆုတ်ခွာမည့်မြို့များကို PLA အပါအဝင် တော်လှန်ရေးတပ်ပေါင်းစုက အစွမ်းကုန်ကာကွယ်သွားရန် ပြင်ဆင်ထား

TNLA ဆုတ်ခွာမည့်မြို့များကို PLA အပါအဝင် တော်လှန်ရေးတပ်ပေါင်းစုက အစွမ်းကုန်ကာကွယ်သွားရန် ပြင်ဆင်ထား
ရန်ကုန်၊ နိုဝင်ဘာ ၄
တအာင်း TNLA ဆုတ်ခွာမည့်မြို့များကို PLA အပါအဝင် တော်လှန်ရေးတပ်ပေါင်းစုက အစွမ်းကုန်ကာကွယ်သွားရန် ပြင်ဆင်ထားကြောင်း PLA သတင်းနှင့်ပြန်ကြားရေး တာဝန်ရှိသူက ရန်ကုန်ခေတ် သစ်သတင်းဌာနထံသို့ ပြောကြားသည်။
TNLA က အောက်တိုဘာလ ၂၉ ရက်နေ့ တရုတ်၏ ကြားဝင်စေ့စပ်မှုဖြင့် စစ်တပ်နှင့် အပစ်အခတ်ရပ်စဲလိုက်ပြီး မိုးကုတ်နှင့် မိုးမိတ်မြို့များမှ ဆုတ်ခွာမည်ဖြစ်ကြောင်း တရားဝင် သတင်းထုတ်ပြန်ခဲ့သည်။
“ TNLA ဆုတ်ခွာသွားရင်လည်း ကျမတို့ PLA တို့ ၊ မန္တလေး PDF တို့၊ မိုး ကုတ်ဗျူဟာတို့ ၊ တခြားတပ် တွေရှိတယ်။ ABSDF တို့ရှိတယ်၊ တပ်တွေ၊ တခြားတပ်ပေါင်းစုတွေ ကတော့ အစွမ်းကုန်ကာကွယ် သွားမှာပါ။ ဒါပေမယ့် တကယ်လို့ မြို့ထဲကို သူတို့ ဝင်သွားပြီ။ ကိုယ့်ဘက်က မကာနိုင်လို့ ဝင်သွားခဲ့ ပြီဆိုရင်တော့ သူကတော့ ထုံစံအတိုင်း၊ ရန်သူ့တပ်ကတော့ အစိုးမရ ဘူးဆိုတော့ သူတို့မီးရှို့ရင် လည်း ရှို့မယ်၊ ဖျက်ရင်လည်းဖျက်မယ်ဆိုတော့၊ အဲဒီအန္တရာယ်ကို ကြည့် ပြီးတော့ တချို့လည်း ရွှေ့ သင့်ပြောင်းသင့် လူ‌‌တွေအနေနဲ့ ရွှေ့ပြောင်းထားရင်လည်း မမှားဘူး၊ နောက်ပြီးတော့လည်း ဝိုင်း တိုက်မယ့်အဖွဲ့တွေ၊ ကာကွယ်ပေးမယ့်အဖွဲ့တွေကိုလည်း စိတ်ဓာတ်ပိုင်း အရရော၊ ငွေကြေးပိုင်း အရရော ဝိုင်းပြီးစောင့်ရှောက်ပေးဖို့၊ ပေးဖို့၊ ကူညီပေးဖို့၊ နောက်ပြီးတော့ ဒီလောက်အထိလည်း အရမ်းစိုးရိမ်ကြောက်လန့်မနေကြဖို့ မိဘပြည်သူတွေကို တိုက်တွန်းချင်ပါတယ်။” ဟု PLA သတင်း နှင့်ပြန်ကြားရေးတာဝန်ရှိသူက ပြောကြားသည်။
TNLA တပ်က လက်လွှတ်ဆုတ်ခွာရန် ရှိနေသည့် မိုးကုတ်မြို့နှင့် မိုးမိတ်မြို့ပေါ်သို့ အကြမ်းဖက် စစ်ကောင်စီတပ်က မြို့ထဲသို့ သတင်းပေးများ စေလွှတ်ထားပြီး သပိတ်ကျင်းမြို့နယ်ဘက်မှ ဝင် ရောက်ရန် စတင်လှုပ်ရှားနေကြောင်း ၊မိုးကုတ်မြို့နှင့် မိုးမိတ်မြို့တို့မှ TNLA တပ်များ ဆုတ်ခွာသွားမည်ဟု ကြေညာပြီးနောက် ယင်းမြို့ ၂ မြို့ကို စစ်ကောင်စီတပ်က ပြန်လည် ထိန်း ချုပ်နိုင်ရေးအတွက် ကြိုးစားဆောင်ရွက်လျက်ရှိရာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အသီးသီးက လည်း ယင်းမြို့များကို အစွမ်း ကုန်ကာကွယ်သွားမည်ဖြစ်ကြောင်း အသီးသီးထုတ်ပြန်ကာ သတိပေး ထားသည်။
“မိုးကုတ်မြို့တို့၊ မိုးမိတ်တို့မှာတော့ မြို့ပေါ်တွေမှာ စစ်ရေးလှုပ်ရှားတာမရှိသေးဘူး။ ဖောတော့လမ်း ဆုံမှာပဲ တိုက်ပွဲရှိသေးတာ။ နောက်ပြီးတော့ တွင်းငယ်နားတွေ၊ တတက ၁၃ နားတွေမှာတော့ တိုက် ပွဲလေးတွေ ကြိုးကြားဖြစ်တာရှိတယ်။ သူတို့က ဒရုန်းနဲ့ချတာ၊ လေယာဉ်နဲ့ချတာတွေရှိတယ်။ အဓိက ကတော့ ဖော့တော့လမ်းဆုံဘက်ကို အသဲအသန်ထိုးနေတာ။ အရင်က ၇ မိုင်၊ ၇ မိုင်ကလည်း သူတို့ ရသွားပြီဆိုတော့ ဖောတော့လမ်းဆုံမှာတော့ အပြန်အလှန် တိုက်နေကြတယ်။ နောက်ပြီးတော့ ကျောက်ကြီးဘက်တွေမှာလည်း ကာထားတာတွေရှိတယ်။ စခတွေက အဲဒီဘက်မှာ လှုပ်ရှားနေတာ ပေါ့။ မိုးမိတ်ဘက်ကျတော့ တွင်းငယ်ဘက်နား၊ တတက ၁၃ နားလှုပ်ရှားတယ်”ဟု PLA သတင်းနှင့်ပြန်ကြားရေး တာဝန်ရှိသူက ဆိုသည်။
အကြမ်းဖက်စစ်တပ်က သပိတ်ကျင်းမြို့နယ်အတွင်းရှိ အမှတ် ၁၃ တပ်မတော်တန်းမြင့် သင် တန်းကျောင်း – တတက ၁၃ တွင် မိုးကုတ်မြို့၊ မိုးမိတ်မြို့နှင့် အခြားမြို့များမှ ဆုတ်ခွာလာသည့် စစ်သားများကို စုဖွဲ့ထားသည့် စစ်မှုထမ်းတပ်သားသစ်များကိုလည်း သင်တန်းပေးကာ တိုက်ပွဲဖြစ် ပွားရာ နေရာများကို စစ်ကူ၊ လက်နက်၊ ခဲယမ်းရိက္ခာများ ပို့ဆောင်နေကြောင်း၊ အလားတူ မိုးကုတ် မြို့နှင့်မိုးမိတ်မြို့ပေါ်တို့တွင် သတင်းပေးမည့်သူများ စေလွှတ်ထားကြောင်း သိရသည်။
“တတက ၁၃ မှာ က မိုးကုတ်၊ မိုးမိတ်က ပြေးသွားတဲ့ သူတွေရော၊ သပိတ်ကျင်းနဲ့ တခြားတပ်တွေက ပြေးတဲ့သူတွေရော အဲဒီမှာ စုတယ်။ နောက်ထပ် ပစတွေကို သင်တန်းတွေပေး အင်အားစုပြီးတော့ အဲဒီကနေ တပ်ကူတွေ၊ ရိက္ခာတွေ ၊ လူတွေ၊ ခဲယမ်းတွေ တတက ၁၃ ထဲကနေ ပြန်ပို့ပြီးတော့ တိုက် တာတွေရှိတယ်။ အဲဒီနားတွေမှာပဲ တောက်လျှောက်လှုပ်ရှားနေတာ။ မိုးကုတ်၊မိုးမိတ်ဘက်မှာ တော့ စစ်ရေးလှုပ်ရှားတာမျိုးမရှိသေးပါဘူး။ ဒါပေမယ့် ဒလန်တွေရှိတယ်။ ဒလန်တွေမြို့ထဲ လွှတ်ထားတာ ရှိ တယ်။ မြို့ပေါ်မှာ ကျန်နေတဲ့ သူတို့လူတွေရော၊ နောက်ထပ် ပုံစံမျိုးစုံနဲ့ လှုပ်ရှား တာတွေရှိတယ်။ တပ်နဲ့လှုပ်ရှားတာတွေတော့ မရှိသေးဘူး။” ဟု PNLA သတင်းနှင့်ပြန်ကြားရေးတာဝန်ရှိသူက ရှင်းပြ သည်။
လက်ရှိအချိန်တွင် ပြည်သူ့လွတ်မြောက်ရေးတပ်မ‌တော်အနေဖြင့် စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ မန္တ လေးတိုင်း၊ ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် တနင်္သာရီဒေသတို့တွင် မဟာမိတ်များနှင့် ပူး‌ပေါင်းကာ စစ်အုပ်စုကို တိုက်ခိုက်လျက်ရှိပြီး စစ်ဒေသအသီးသီးတွင် စစ်အာဏာရှင်စနစ် အမြစ်ပြတ်ရေး အတွက် အကြမ်းဖက်စစ်အုပ်စုကို အလဲထိုးနိုင်ရန် တိုက်ပွဲဆင်နေခြင်းဖြစ်ကြောင်း ၁၀၂၇ စစ်ဆင်ရေး ၂ နှစ် ပြည့် ထုတ်ပြန်ချက်တွင် အသိပေးထားသည်။