စစ်တပ်၏ ဝါဒဖြန့် “ခေတ်သမိုင်းကို ဒုန်းစိုင်းမည့်သူများ” ဇာတ်လမ်းနှင့်သရုပ်ဆောင်များကို ဝေဖန်လျှင် ပြင်းပြင်းထန်ထန် အရေးယူမည်ဟု ဇော်မင်းထွန်း ခြိမ်းခြောက်ပြီး အနုပညာရှင် ၃ ဦးကို ဖမ်းဆီး

စစ်တပ်၏ ဝါဒဖြန့် “ခေတ်သမိုင်းကို ဒုန်းစိုင်းမည့်သူများ” ဇာတ်လမ်းနှင့်သရုပ်ဆောင်များကို ဝေဖန်လျှင် ပြင်းပြင်းထန်ထန် အရေးယူမည်ဟု ဇော်မင်းထွန်း ခြိမ်းခြောက်ပြီး အနုပညာရှင် ၃ ဦးကို ဖမ်းဆီး

🟥သရုပ်ဆောင်အမည်ခံ နေတိုး ၊ မြင့်မြတ် ၊ နေဝင်း ၊ အေးချမ်းမောင် ၊ ခြူးလေး ၊ မေမြင့်မိုရ် ၊ အောင်ခိုင် ၊ ငှက်ပျောကြော် ၊ အောင်တိုး ၊ နိုင်လင်း ၊ သွက်လတ် အပါအဝင် စစ်တပ်ထောက်ခံသူများကို ပြင်းပြင်းထန်ထန် သပိတ်မှောက်ကြရန် စမ်းချောင်းသပိတ်စစ်ကြောင်းက နှိုးဆော်
ရန်ကုန်၊ အောက်တိုဘာ ၃၀
အကြမ်းဖက် စစ်တပ်၏ လိမ်လည်ဝါဒဖြန့်ဇာတ်ကားဖြစ်သော “ခေတ်သမိုင်းကို ဒုန်းစိုင်းမည့်သူများ” ဇာတ်လမ်းနှင့်သရုပ်ဆောင်များကို ဝေဖန်လျှင် ပြင်းပြင်းထန်ထန် အရေးယူမည်ဟု အကြမ်းဖက် ဇော်မင်းထွန်းက ယမန်နေ့တွင် ထုတ်ဖော်ပြောဆို ခြိမ်းခြောက်သည်။
“ခေတ်သမိုင်းကို ဒုန်းစိုင်းမည့်သူများ” ရွေးကောက်ပွဲအသိပညာပေးဇာတ်လမ်းနှင့် ဇာတ်လမ်းတွင် ပါဝင်သရုပ်ဆောင်သူများကို လူမှုကွန်ရက်မှတစ်ဆင့် ဝေဖန်သည်ဟုဆိုကာ ဒါရိုက်တာ မိုက်တီး(ခ)သန်းထွန်းဇော်၊ ဇာတ်ပို့သရုပ်ဆောင် ကျော်ဝင်းထွဋ်(ခ)ကျော်မင်းထွဋ်နှင့် ဟာသ သရုပ်ဆောင် အုန်းဒိုင်း(ခ)ဇော်မြင့် တို့ကို အောက်တိုဘာ ၂၇ ရက်နေ့ စစ်တပ်က ဖမ်းဆီးပြီးနောက် အကြမ်းဖက် ဇော်မင်းထွန်းက ထိုသို့ ပြောဆိုလာခြင်းဖြစ်သည်။
ဖမ်းဆီးထားသူ ၃ ဦးကို ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေး ဥပဒေဖြင့် ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အကြမ်းဖက် စစ်တပ်က ထုတ်ပြန်ပြောဆိုသည်။
အခြားတစ်ဖက်တွင်လည်း စမ်းချောင်းပင်မသပိတ်စစ်ကြောင်းက အကြမ်းဖက်စစ်အုပ်စု၏ အတုအယောင်ရွေးကောက်ပွဲကို ထောက်ခံအားပေးပြီး လူထုကို ဝါဒမှိုင်းတိုက်ခြင်း ၊ လူထုအရေးတော်ပုံကို ပုံဖျက်ခြင်း တို့ကို ကျူးလွန်သော အညံ့စား ဝါဒဖြန့် အနုပညာရှင်အမည်ခံများ ဖြစ်ကြသော နေတိုး ၊ မြင့်မြတ် ၊ နေဝင်း ၊ အေးချမ်းမောင် ၊ ခြူးလေး ၊ မေမြင့်မိုရ် ၊ အောင်ခိုင် ၊ ငှက်ပျောကြော် ၊ အောင်တိုး ၊ နိုင်လင်း ၊ သွက်လတ် ၊ စူပါလင်း ၊ မင်းညို ၊ ဥက္ကာပျံရီ ၊ ရဲရင့် ၊ ရောပျော် ၊ အောင်ဇင်ဖြိုး တို့ကို Boycott & Social punishment ပြင်းပြင်းထန်ထန် လူမှုရေးပြစ်ဒဏ် ခတ်ကြရန် တိုက်တွန်းနှိုးဆော်လိုက်သည်။
Boycott & Social Punishments လုပ်ခြင်းဆိုသည်မှာ အဆိုပါ စစ်တပ်ထောက်ခံသူများ၏ Social media အကောင့် များတွင် Follow လုပ်ထားပါကဖြုတ်ထားရန် ၊ Like ၊ Comment မပေးဘဲ Rp များလုပ်ခြင်း၊ Block ခြင်း ၊လုပ်ငန်းများကို အားမပေးခြင်း ၊ ကြော်ငြာ ရိုက်နေသော ကုန်ပစ္စည်းများကို မဝယ်ယူ မသုံးစွဲခြင်း ၊စာချုပ်ချုပ်သော လုပ်ငန်းများကို ဖယ်ကျဉ်ခြင်း ၊ ၎င်းတို့နှင့်ပတ်က်သော ပတ်ဝန်းကျင်၊လုပ်ငန်း၊ထုတ်ကုန် အားလုံးကို ပြည်သူက လုံးဝ(လုံးဝ)အသုံးမပြုဘဲ ကျဉ်ဖယ်ထားခြင်း ဖြစ်ကြောင်း ထုတ်ပြန်သည်။
အညံ့စား၊ ဝါဒဖြန့် အနုပညာရှင်အမည်ခံများက အမှန်တကယ် စစ်ရာဇဝတ်မှုကျူးလွန်နေသော ၊ လူထု၏ အသက်အိုးအိမ်ကို မီးရှို့ သတ်ဖြတ်နေသော အကြမ်းဖက် စစ်အုပ်စုဘက်မှ စစ်ရာဇဝတ်မှုများ ထပ်မံကျူးလွန်စေရန် ထောက်ခံပြီး အားပေးမြောက်ပြုလုပ်နေပြီး လူထု နှင့် နိုင်ငံတော်အပေါ်ပျက်ရယ်ပြုစော်ကားနေခြင်းဖြစ်ကြောင်း စမ်းချောင်းပင်မသပိတ်စစ်ကြောင်းက တိုက်တွန်းနှိုးဆော်ထားသည်။