အကြမ်းဖက် ဟန်ငြိမ်းဦး၊ သဇင်ဦး၊ စစ်သွေး၊ Ka Ka Han အပါအဝင် စစ်လော်ဘီများက Khit Thit Media ၏ စာဖတ်ပရိသတ်များကို ဖမ်းဆီးခိုင်းနေ၍ သတိပြုကြရန် လိုအပ်၊ မိမိ၏ ဖေ့ဘုတ်စ် Profile ကို Lock ချကြရန် အရေးကြီး
ရန်ကုန်၊ နိုဝင်ဘာ ၁





အကြမ်းဖက်စစ်တပ်၏ လက်ကိုင်တုတ်နှင့် စစ်တပ်လော်ဘီများဖြစ်ကြသည့် အကြမ်းဖက် ဟန်ငြိမ်းဦး၊ သဇင်ဦး၊ စစ်သွေး၊ Ka Ka Han အပါအဝင် စစ်လော်ဘီများက တယ်လီဂရမ်ပလက်ဖောင်းမှတစ်ဆင့် Khit Thit Media ၏ စာဖတ်ပရိသတ်များကို ဖမ်းဆီးခိုင်းနေ၍ သတိပြုကြရန် လိုအပ်ပါသည်။
ယနေ့ နိုဝင်ဘာလ ၁ ရက်နေ့ တစ်ရက်တည်းတွင် အကြမ်းဖက် စစ်လော်ဘီများက Khit Thit Media ၏ စာဖတ်ပရိတ်သတ် ၃ ဦးထက်မနည်းကို ဖမ်းဆီးရန် စစ်တပ်ထံသို့ နှိုးဆော်နေပါသည်။
ထို့ကြောင့် Khit Thit Media ၏ စာဖတ်ပရိသတ်များအနေဖြင့် မိမိတို့၏ ဖေ့ဘုတ်အကောင့် Profile များကို မဖြစ်မနေ Lock ချပြီးမှ Like ၊ Comment နှင့် Share လုပ်ကြရန်နှင့် Profile Lock မချတတ်ပါက Khit Thit Media ၏ သတင်းများကို ဖတ်ရှုရုံသာ ဖတ်ရှုပြီး Like ၊ Comment နှင့် Share မည်သည့် Action ကိုမှ မလုပ်ဆောင်ကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။