ကော့ကရိတ်မြို့နယ်၊ ထိဖိုးစံကျေးရွာအနီး စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၈ ဦး ထက်မနည်းသေဆုံး

ကော့ကရိတ်မြို့နယ်၊ ထိဖိုးစံကျေးရွာအနီး စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၈ ဦး ထက်မနည်းသေဆုံး
ရန်ကုန်၊ နိုဝင်ဘာ ၁

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ထိဖိုးစံကျေးရွာအနီးတွင် အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ စစ်သား ၈ ဦး ထက်မနည်းသေဆုံးခဲ့ကြောင်း ကရင်စစ်ရေး စစ်ရေးသတင်းရင်းမြစ်က ရန် ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ယမန်နေ့ အောက်တိုဘာလ ၃၁ ရက် ညပိုင်းက ကော့ကရိတ်မြို့နယ်၊ ထိဖိုးစံကျေးရွာဘက်သို့ ဝင် ရောက်လာသော အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို တော်လှန်ရေး ပူးပေါင်းတပ်များက ဖြတ်တောက် တိုက်ခိုက်ခဲ့ရာ စစ်သား ၈ ဦးထက်မနည်း သေဆုံး ကာ အများအပြား ဒဏ်ရာရရှိပြီး ပြန်ဆုတ်ပြေး သွားကြောင်း သိရသည်။
“အလောင်းကတော့ ၈ လောင်းပဲတွေ့တယ်၊ တခြားထိခိုက်သေဆုံးမှုတွေလည်းရှိဦးမယ်။ တိုက်ပွဲက မနေ့ညက ဖြစ်တာ၊ ဒီမနက်နယ်မြေတက်ရှင်းရင်းနဲ့ အလောင်းတွေတွေ့တာ၊ ဖြစ်တာက တပ်မဟာ ၁ ဘက်အခြမ်းရှိတဲ့နေရာမှာ စစ်ကြောင်းက ရောက်ပြီး တိုက်ပွဲဖြစ်တာပါ။ ကျနော်တို့ဘက်က စစ် ကြောင်း ၃ ကြောင်းပေါ့” ဟု ကရင်္င စစ်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
အောက်တိုဘာ ၁၅ ရက်နေ့မှစ၍ အကြမ်းဖက်စစ်ကောင်စီတပ်က ကော့ကရိတ်မြို့နယ် မြောက်ပိုင်း ရှိကျေးရွာများကို စစ်ကြောင်းထိုးကာ မြပတိုင်ကျေးရွာသားတစ်ဦးကို ခေါင်းဖြတ်မီးရှို့သတ်ဖြတ်မှု အပါအဝင် ပြည်သူ ၄ ဦးကို သတ်ဖြတ်ခဲ့ပြီး အရပ်သားပြည်သူ ၂၀ ဝန်းကျင်ကို ဖမ်းဆီးထားကြောင်း သိရသည်။
ထိုသို့ ဖမ်းဆီးထားသည့် ပြည်သူများကို ရိုက်နှက်စစ်ဆေးခြင်း၊ လမ်းပြအဖြစ်သော်လည်းကောင်း၊ လူသားဒိုင်းကာအဖြစ်သော်လည်းကောင်း စစ်ကြောင်းရှေ့ဆုံးမှ တက်ခိုင်းကာ စစ်ကြောင်းထိုးနေ ခြင်းဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် ကော့ကရိတ်မြို့နယ်မြောက်ပိုင်းနှင့်တောင်ပိုင်းတွင် တိုက်ပွဲပြင်းထန်နေပြီး အကြမ်းဖက် စစ်သားများ ထိခိုက်သေဆုံးမှုများပြားကာ စစ်သားအလောင်းများလည်း ပုံအောနေကြောင်း၊ အကြမ်း ဖက်စစ်တပ် စစ်ကြောင်းမှာ အာရှမ်းလမ်မကြီးပေါ်ရှိ ဒေါနတောင်လမ်းဟောင်းနေရာသို့ပင် ရောက်ရှိ နိုင်ခြင်းမရှိသေးကြောင်း သိရသည်။